SeinThee Abah Episode 715 part1

"အဘနှင့်သူ့တပည့်" အပိုင်း (၇၁၅) part1

"တပ်ချူပ်မတွေ့ ၅နှစ်ပြည့်"

အဘ

၁။ အုတ်တွင်းမှာ စစ်ကြောင်းတစ်ခုလုံး ပြုတ်ပြီး အယောက် ၅၀ ကျော် သေဆုံးခြင်း [01:57]
အဘရေ... ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပြောင်းချောင်းရွာနားမှာ အင်အား ၁၅၀ ပါတဲ့ အဘတို့ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်တာ အယောက် ၅၀ ကျော် သေသွားတယ်ဗျ။ ကျန်တဲ့လူတွေက စခန်းကို ပြန်ပြေးတဲ့အချိန်မှာလည်း လမ်းမှာတင် မိုင်းဆွဲခံရလို့ ၁၀ ဦး ထပ်သေပြန်ရော။ အခုတော့ အယောက် ၁၅၀ မှာ ၆၀ ပဲ ပြန်ရောက်တော့တယ်ဗျာ။ အဘက "သွားပြီ... ၉၀ လောက်ကတော့ တောထဲမှာပဲ ကြွသွားပြီ ထင်တယ်" ဆိုပြီး စိတ်ပျက်နေရှာပါတယ်။ [05:20]

၂။ မင်းတုန်းမြို့နယ်က ၁၂ ရက်ကြာ တိုက်ပွဲနဲ့ အိမ်ခြေ ၃၀၀ ကျော် မီးရှို့ခံရမှု [06:08]
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ အဘတို့ စစ်ကြောင်းထိုးတာ ၁၂ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ကျော် ဖြစ်ပြီး အဘသား ၃၀ ကျော် သေသွားတယ်ဗျ။ အဘတို့ဘက်က အထိနာတော့ ရွာသားတစ်ယောက်ကို ဖမ်းသတ်ပြီး ဝက်ကော်ရွာအပါအဝင် ရွာ ၃ ရွာက အိမ်ခြေ ၃၀၀ နီးပါးကို မီးရှို့သွားတယ်ဗျာ။ အဘက "ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့၊ အဘတို့လူတွေကတော့ မနိုင်ရင် ဒါပဲ လုပ်တတ်တာပဲ" လို့ ဝန်ခံလိုက်ပါတယ်။ [08:42]

၃။ ကန့်ဘလူက ကိုးထောင်ဘို အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်ခြင်း [09:04
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က အဘတို့ရဲ့ အခိုင်အမာ အထိုင်စခန်း "ကိုးထောင်ဘို" ရွာကို တော်လှန်ရေးအဖွဲ့တွေက ဝင်တိုက်ပြီး အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဗျ။ အဘက "အဲ့ဒီမှာ လက်နက်တွေ အများကြီး ပါသွားတာလား၊ ငါးဖိုးနှစ် (၅.၄၂) သေနတ်တွေတောင် တန်းစီနေတာပဲ" ဆိုပြီး နှမြောတသ ဖြစ်နေပါတယ်။ တိုက်ပွဲက ၃ ရက်လောက် ကြာသွားတာဗျ။ [10:55]

၄။ စစ်ကိုင်းတက္ကသိုလ်ထဲမှာ အထိုင်ချထားတဲ့ အဘသား ၆ ဦး သေဆုံးခြင်း [11:58]
စစ်ကိုင်းမြို့ပေါ်က စစ်ကိုင်းတက္ကသိုလ်ဝင်းနဲ့ ပြည်သူပိုင် ၃ ထပ်တိုက်မှာ အထိုင်ချထားတဲ့ အဘတို့လူတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်တိုက်တာ ၆ ဦး သေသွားတယ်ဗျ။ အဘက "ငါတို့က အပိုင်နေရာကြီး ယူထားတာတောင်မှ အပိုင်ကိုင်ခံလိုက်ရတာလား၊ တော်လှန်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်ဆုတ်သွားတာပဲ" လို့ ဆိုလိုက်ပါတယ်။ [13:30]

၅။ တောင်တွင်းကြီးမှာ ဗိုလ်ကြီး သက်ထွန်းတို့ အိမ်စီးကား ကြားဖြတ်တိုက်ခံရမှု [14:06]
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ ဗိုလ်ကြီး သက်ထွန်း ဦးဆောင်တဲ့ အဘတို့လူတွေ အိမ်စီးကားအဖြူနဲ့ သွားတုန်း တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်လိုက်တာ ၃ ဦး သေပြီး ဗိုလ်ကြီးကိုယ်တိုင် ဒဏ်ရာပြင်းထန်သွားတယ်ဗျ။ အဘက "မုန့်ဟင်းခါးရော၊ ဆန်ပြုတ်ရော၊ ဒန်ပေါက်ရော အစုံဖြစ်နေပြီပေါ့၊ တပ်ချုပ်သာ ကျဆုံးရင်တော့ နတ်သုဒ္ဓါ ဒန်ပေါက်လို့ပဲ ပြောရတော့မယ်" တဲ့။ [16:32]

၆။ အာဏာသိမ်း ၅ နှစ်ပြည့်မှာ အဘတို့ဘက်က အတုံးအရုံး သေဆုံးတဲ့ ၈၈ ဦး [21:04]
ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ အဘတို့ အာဏာသိမ်းတာ ၅ နှစ်ပြည့်ပြီဗျ။ ဒါပေမဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ တစ်ရက်တည်း သေစာရင်းကတော့ အုတ်တွင်း ၅၀၊ မင်းတုန်း ၃၀ အပါအဝင် စုစုပေါင်း ၈၈ ဦးတောင် ရှိတယ်ဗျ။ အဘက "၅ နှစ် ပြည့်ပေမယ့် ပြည်သူတွေကတော့ စိတ်ဓာတ်တွေ ပိုကြံ့ခိုင်နေတုန်းပဲ၊ တပ်ချုပ်ရေ... တပ်ပြုတ်ပြုတ်ပြုံးဖို့သာ ပြင်ထားတော့" လို့ ဆိုရင်း နိဂုံးချုပ်ထားပါတယ်။ [23:54]

Post a Comment