SeinThee Abah Episode 737 part1

"အဘနှင့်သူ့တပည့်" အပိုင်း (၇၃၇) part1

"သမ္မတလုပ်ပြီး လူသတ်​တော့မယ်"

အဘ

၁။ တပ်ချုပ်ကြီးက တပ်ကနေ အနားယူပြီး သမ္မတ ရာထူးကို အပိုင်ယူဖို့ ကြံစည်နေခြင်း
အဘရေ... အခုဆိုရင် အဘတို့ စစ်တပ် အသိုင်းအဝိုင်းကနေ သတင်းတွေ ထွက်လာပြီဗျ။ တပ်ချုပ်ကြီးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်လွှတ်ပြီး အသစ်ဖွဲ့စည်းမယ့် အစိုးရမှာ "သမ္မတ" အဖြစ် တာဝန်ယူဖို့ ပြင်နေတာတဲ့။ ကြံ့ဖွတ်ပါတီ (USDP) ကိုလည်း သူကပဲ နောက်ကနေ ခြယ်လှယ်နေပြီး ဘယ်သူ ဝန်ကြီးဖြစ်မယ်၊ ဘယ်သူ သမ္မတဖြစ်မယ်ဆိုတာကို သူတစ်ယောက်တည်းကပဲ ဆုံးဖြတ်နေတာတဲ့ဗျာ။ အဘကတော့ "သူက နဂိုကတည်းက သမ္မတအရူး ရူးနေတာ၊ အခုတော့ ကြံ့ဖွတ်ပါတီကိုပါ ငယ်နိုင်လို အနိုင်ကျင့်ပြီး နေရာယူတော့မယ်" ဆိုပြီး ခနဲ့နေပါတယ်။

၂။ ဗန်းမော်က ခလရ (၂၃၆) ကင်းစခန်းကို KIA က ဒုတိယအကြိမ် ပြန်လည် သိမ်းပိုက်လိုက်ခြင်း
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အဘတို့ရဲ့ ခလရ (၂၃၆) ကင်းစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဝင်တိုက်ပြီး ဒုတိယအကြိမ် ပြန်သိမ်းလိုက်ပြီဗျ။ အဘတို့ဘက်က တပ်ရင်းမှူး တစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားသလို အောက်ခြေ စစ်သားတွေလည်း အတုံးအရုံး သေကုန်ကြတာတဲ့။ အဘက "ပထမတစ်ကြိမ် အသိမ်းခံရတုန်းက လူတွေ အများကြီး သေပြီးမှ ပြန်သိမ်းထားတဲ့ စခန်းကို အခုတော့ အသာလေး ပြန်ပေးလိုက်ရပြီလား" ဆိုပြီး စိတ်ပျက်နေရှာပါတယ်။

၃။ ငဇွန်မှာ ရိက္ခာသယ်လာတဲ့ အဘတို့ စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး သေဆုံးမှု
မန္တလေးတိုင်း ငဇွန်မြို့နယ် စုံရွာကနေ ထွက်လာတဲ့ အဘတို့ ရိက္ခာတင် စစ်ကားတွေကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်တာ ၁၅ မိနစ်အတွင်းမှာတင် အဘသား ၆ ဦး သေပြီး ၄ ဦး ထပ်သေလို့ စုစုပေါင်း ၁၀ ဦးတောင် ရှိသွားပြီဗျ။ လက်နက်တွေရော၊ ဒရုန်းတွေရောပါ ပါသွားတယ်တဲ့။ အဘက "ငါတို့ထဲမှာ ဖရဲသီးတွေ ရှိနေတာ ကျိန်းသေနေပြီ၊ ငါတို့လူတွေကတော့ တစ်မိနစ် တစ်ယောက်နှုန်းနဲ့တောင် သေနေရပြီ" ဆိုပြီး ညည်းတွားနေပါတယ်။

၄။ ကျောက်ကြီးမြို့နယ်မှာ စစ်သား ၁၀ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်လာခြင်း
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက အဘတို့ စစ်သား ၁၀ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNDO တပ်ရင်း (၃) ထံ အလင်းဝင်သွားတယ်ဗျ။ သူတို့က အတင်းအဓမ္မ ပေါ်တာဆွဲခံရသူတွေဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆုငွေတွေပါ ပေးလိုက်သေးတယ်တဲ့။ အဘက "ငါတို့ဘက်က လူတွေကတော့ တဖွဲဖွဲနဲ့ အလင်းဝင်နေကြပြီ၊ တပ်ချုပ်ကြီးလည်း လူလိမ်ခံနေရတာပဲ" လို့ ဆိုလိုက်ပါတယ်။

၅။ ဗန်းမော်မှာ ကျောင်းဆင်းတာ မကြာသေးတဲ့ ဗိုလ်ကြီးတစ်ဦး Sniper ထိပြီး မျက်လုံးကျွတ်ထွက် သေဆုံးခြင်း
ဗန်းမော်တိုက်ပွဲအတွင်းမှာ အဘတို့ဘက်က ဗိုလ်ကြီး အောင်ကိုဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ Sniper နဲ့ ပစ်တာ ညာဘက်မျက်လုံးကို ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်ဗျ။ သူက အသက် ၂၈ နှစ်ပဲ ရှိသေးပြီး စစ်တ္တသိုလ် အပတ်စဉ် (၆၀) ကလို့ သိရတယ်ဗျာ။ အဘကတော့ "ငါ့ကို မျက်လုံးကျွတ်ထွက်သွားတဲ့ အကြောင်းတွေ စာဖွဲ့ပြီး လာမပြောနဲ့တော့၊ ကိုယ့်ဘက်က လူတွေ သေနေတာ မြင်ရတာ ရင်ထဲမှာ မကောင်းဘူး" ဆိုပြီး ရှက်ရမ်းရမ်းနေပါတယ်။

၆။ ဟုမ္မလင်းက ပဲနှုတ်စွတ်ရွာကို တိုက်ပွဲမရှိဘဲ အဘတို့ လေယာဉ်နဲ့ ဗုံးကြဲလို့ ၇ ဦး သေဆုံးမှု
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပဲနှုတ်စွတ်ရွာကို အဘတို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်ဗျ။ အဘကတော့ "ငါတို့က စစ်ခေါ်တာပါ၊ အဲ့ဒီရွာကလူတွေ ငါတို့ဘက်က မရပ်တည်လို့ ကိုင်ထည့်လိုက်တာ" ဆိုပြီး အရှက်မရှိ ဝန်ခံလိုက်ပါတယ်။

إرسال تعليق