SeinThee Abah Episode 800 par2

"အဘနှင့်သူ့တပည့်" အပိုင်း (၈၀၀) part2

"၆လုံးတန်းကို တံခါး ခေါက်ပြီ"

အဘ

၁။ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်များ AA နှင့် တိုက်ပွဲပြင်းထန်ခြင်း
အဘရေ... ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက တောင်ကုန်းဘောင်တောင်ကို အဘတို့ဘက်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာ AA က ကြားဖြတ်တိုက်ခိုက်လိုက်လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်ဗျ။ အဘက "သူတို့ရဲ့ ဗျူဟာတွေ၊ ဒရုန်းတွေကို ငါတို့က မယှဉ်နိုင်ပါဘူးဆိုမှ ရခိုင်မြေမှာ သွားပြီး စစ်ကြောင်းထိုးတာဟာ သေမင်းဆီကို ဘွက်ရုန်းပြီး သွားနေသလိုပဲ၊ အညာမြေမှာရော ရခိုင်မြေမှာပါ အသေခံဖို့ သက်သက် လုပ်နေကြတာ" လို့ ညည်းတွားလိုက်ပါတယ်။

၂။ ကရင်ပြည်နယ် သံတောင်ကြီးတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူ ၂၀ ခန့် သေဆုံးခြင်း
သံတောင်ကြီးမြို့နယ်က ကျေးရွာတွေကို အဘတို့ လေတပ်က တစ်ရက်တည်းမှာပဲ ဗုံးသွားကြဲလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ (၂၀) လောက် သေဆုံးသွားတယ်ဗျ။ အဘက "မြေပြင်မှာ ရှုံးနေတာကို မဲမဲမြင်သမျှ ပြည်သူကို လေယာဉ်နဲ့ လိုက်သတ်နေတာ၊ အရပ်သား အစိုးရလို့ နာမည်ခံပြီး ကိုယ့်ပြည်သူကို သတ်နေတဲ့ လုပ်ရပ်ကတော့ သမိုင်းရိုင်းလွန်းတယ်" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၃။ မကွေးတိုင်း ဂန့်ဂေါခရိုင်တွင် စစ်ကောင်စီမှ လမ်းပိတ်ဆို့သဖြင့် ရခိုင်-မကွေး ကုန်သွယ်ရေး ပြတ်တောက်ခြင်း
စောမြို့နယ် ကံကြီးရွာမှာ အဘတို့ စစ်တပ်က ဝင်ရောက်ပိတ်ဆို့ထားလို့ ရခိုင်နဲ့ မကွေး အဓိက ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီး YDF, PDF တွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေတယ်ဗျ။ အဘက "ဖြတ်လေးဖြတ် လုပ်ချင်လို့ လမ်းတွေ ပိတ်လိုက်ပေမယ့် တကယ်တမ်း ပြည်သူတွေရော၊ ကုန်သည်တွေရော ဒုက္ခရောက်ကုန်ပြီ၊ သမ္မတကြီးကတော့ စစ်တပ်ကောင်းစားရေးအတွက်ပဲ ကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုထားတာပဲ" လို့ ဖွင့်ချလိုက်ပါတယ်။

၄။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် စစ်ကောင်စီစခန်းအား PDF ပူးပေါင်းတပ်များမှ သိမ်းပိုက်ခြင်း
ကလေးဝမြို့နယ် အောင်ချမ်းသာရွာက အဘတို့ စစ်တပ်စခန်းကို PDF ပူးပေါင်းအဖွဲ့တွေက ဝင်သိမ်းသွားလို့ လက်နက်တွေရော လူတွေပါ အများကြီး ဆုံးရှုံးသွားပြန်ပြီဗျ။ အဘက "မနက်ကလည်း ကချင်မှာ ပေးလိုက်ရတယ်၊ အခုလည်း စစ်ကိုင်းမှာ စခန်းကျပြန်ပြီ၊ ဒီအတိုင်းဆို မကြာခင် တစ်နိုင်ငံလုံးမှာရှိတဲ့ စခန်းတွေ အသိမ်းခံရပြီး တပ်ချုပ်ကြီးလည်း ပြေးပေါက်ပိတ်တော့မယ်" လို့ ဆိုလိုက်ပါတယ်။

၅။ ဥရောပသမဂ္ဂ (EU) မှ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု နောက်ထပ် တစ်နှစ် သက်တမ်းတိုးခြင်း
EU က အဘတို့အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ပြန်ပြီဗျ။ အဘက "အထက်ပိုင်းကတော့ ဂရုမစိုက်ဘူး၊ မိတ်ဖက်နိုင်ငံတွေနဲ့ပဲ စီးပွားရေးလုပ်မယ်လို့ အရူးစကားတွေ ပြောနေပေမယ့် တကယ်တမ်း မြေပြင်မှာတော့ တော်တော်လေး အထိနာပြီး အရှိုက်ကို ထိနေတာကွ၊ နိုင်ငံတကာက ပိတ်ဆို့လာတော့ ပြည်တွင်းက စီးပွားရေးသမားတွေကို လိုက်ပြီး ဓားပြတိုက်ဖို့လောက်ပဲ ကျန်တော့တယ်" လို့ ခနဲ့လိုက်ပါတယ်။

၆။ ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖောက်စစ်ဆင်ရေး စတင်ခြင်း
အဘရေ... ကျောင်းသားလက်ရုံးတပ်တော် (SAF) က မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်လာပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တော့မယ်လို့ ကြေညာလိုက်ပြီဗျ။ အဘက "စစ်ကိုင်း၊ မန္တလေးကို ကျော်ပြီး နေပြည်တော် တံခါးဝကို လာခေါက်နေပြီဆိုတာ သိသာနေပါပြီ၊ တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်ဖက်ချွန်ပြီး အလယ်ပိုင်းကို ရောက်လာပြီဆိုတော့ ငါတို့လည်း အဝေးပြေးကားလက်မှတ် ဖြတ်ထားမှ ရတော့မယ်ကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။

Post a Comment