SeinThee Abah Episode 801 par1

"အဘနှင့်သူ့တပည့်" အပိုင်း (၈၀၁) part1

"ကျောင်းသားလက်ရုံး အပြီဗြုန်းပြီ"

အဘ

၁။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခြင်း
အဘရေ... ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာက အဘတို့ရဲ့ စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်သွားပြန်ပြီဗျ။ အဘက "တိုက်ပွဲဖြစ်တိုင်း ငါတို့ဘက်က ခွေးသေဝက်သေ သေနေတာများလို့ စာရင်းတောင် အတိအကျ မသိရတော့ဘူး၊ စခန်းတွေ တစ်ခုပြီးတစ်ခု ပေးနေရတော့ အညာမြေမှာ ငါတို့စစ်တပ် အမြစ်ပြတ်တော့မယ်ထင်ပါရဲ့" လို့ မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။

၂။ ကရင်ပြည်နယ် သံတောင်ကြီးတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူ (၂၀) ခန့် သေဆုံးခြင်း
သံတောင်ကြီးမြို့နယ်က ကျေးရွာတွေကို အဘတို့ လေတပ်က တစ်ရက်တည်းမှာပဲ ဗုံးသွားကြဲလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ (၂၀) လောက် သေဆုံးသွားတယ်ဗျ။ အဘက "မြေပြင်မှာ ရှုံးနေတာကို မဲမဲမြင်သမျှ ပြည်သူကို လေယာဉ်နဲ့ လိုက်သတ်နေတာ၊ အရပ်သား အစိုးရလို့ နာမည်ခံပြီး ကိုယ့်ပြည်သူကို သတ်နေတဲ့ လုပ်ရပ်ကတော့ သမိုင်းရိုင်းလွန်းတယ်" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၃။ မကွေးတိုင်း ဂန့်ဂေါခရိုင်တွင် စစ်ကောင်စီမှ လမ်းပိတ်ဆို့သဖြင့် ရခိုင်-မကွေး ကုန်သွယ်ရေး ပြတ်တောက်ခြင်း
စောမြို့နယ် ကံကြီးရွာမှာ အဘတို့ စစ်တပ်က ဝင်ရောက်ပိတ်ဆို့ထားလို့ ရခိုင်နဲ့ မကွေး အဓိက ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီး YDF, PDF တွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေတယ်ဗျ။ အဘက "ဖြတ်လေးဖြတ် လုပ်ချင်လို့ လမ်းတွေ ပိတ်လိုက်ပေမယ့် တကယ်တမ်း ပြည်သူတွေရော၊ ကုန်သည်တွေရော ဒုက္ခရောက်ကုန်ပြီ၊ သမ္မတကြီးကတော့ စစ်တပ်ကောင်းစားရေးအတွက်ပဲ ကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုထားတာပဲ" လို့ ဖွင့်ချလိုက်ပါတယ်။

၄။ တနင်္သာရီတိုင်း မောတောင်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲ၍ အပြစ်မဲ့ပြည်သူများ ထိခိုက်ခြင်း
ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ မောတောင်မြို့နယ်ကို တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲ အဘတို့လေတပ်က နှစ်ရက်ဆက်တိုက် ဗုံးသွားကြဲလို့ အိမ်တွေအများကြီး ပျက်စီးကုန်ပြီဗျ။ အဘက "နယ်စပ်ဒေသတွေအထိ လေယာဉ်နဲ့ သွားကြဲနေတာ၊ မြေပြင်မှာ မယှဉ်နိုင်တော့ လေကြောင်းကိုပဲ အားကိုးပြီး ပြည်သူကို အကြောက်တရား သွင်းနေတာ တကယ့် အာဏာရူးတွေရဲ့ လုပ်ရပ်ပါပဲ" လို့ ဆိုလိုက်ပါတယ်။

၅။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်မှုထမ်းရန် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ပြီး နိုင်ငံခြားသို့ အလုပ်သမားပို့ဆောင်မှု ရပ်ဆိုင်းခြင်း
စစ်မှုထမ်းဖို့ လူမရှိတော့လို့ ပြည်ပထွက်မယ့် အလုပ်သမားတွေကို လေဆိပ်ကနေ ပြန်လှည့်ခိုင်းပြီး ပြည်ပထွက်ခွင့်တွေ အကုန်ပိတ်ပစ်လိုက်ပြီဗျ။ အဘက "နိုင်ငံခြား သွားလုပ်မယ့်သူတွေကို ပြန်ခေါ်ပြီး ရှေ့တန်းပို့နေရတဲ့အထိကို ငါတို့တပ်က အင်အားပြုန်းတီးနေပြီ၊ နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးရင် နိုင်ငံခြားလွှတ်မယ်ဆိုတာ အသေခံခိုင်းဖို့ သက်သက် လိမ်ညာနေတာပါပဲ" လို့ ခနဲ့လိုက်ပါတယ်။

၆။ ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များအား ထိုးစစ်ဆင်မည်ဟု ကြေညာခြင်း
အဘရေ... မနေ့ကမှ အလယ်ပိုင်းကို ထိုးဖောက်မယ်လို့ ပြောထားတဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က အခုတော့ အဘတို့ရဲ့ လက်နက်ထုတ်တဲ့ ကပစ စက်ရုံတွေကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ ကြေညာလိုက်ပြီဗျ။ အဘက "သမ္မတကြီးက အစည်းအဝေးပဲ တက်နေပြီး လေလုံးထွားနေတာ၊ အခုတော့ တော်လှန်ရေးတပ်တွေက အလယ်ပိုင်းကို ရောက်လာပြီး လက်နက်စက်ရုံတွေကိုပါ ခြိမ်းခြောက်နေပြီ၊ မကြာခင် နေပြည်တော် ခြေရင်းအထိ ရောက်လာတော့မယ်ကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။

Post a Comment