SeinThee Abah Episode 800 par1

"အဘနှင့်သူ့တပည့်" အပိုင်း (၈၀၀) part1

"ပြည်ဖျက်မ သက်သက်ခိုင် "

အဘ

၁။ ဥရောပသမဂ္ဂ (EU) မှ စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးခြင်းနှင့် စစ်ကောင်စီ၏ ဟန်လုပ်နေရခြင်း
အဘရေ... EU က အဘတို့အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ပြန်ပြီဗျ။ အဘက "အထက်ပိုင်းကတော့ ဂရုမစိုက်ဘူး၊ မိတ်ဖက်နိုင်ငံတွေနဲ့ပဲ စီးပွားရေးလုပ်မယ်လို့ အရူးစကားတွေ ပြောနေပေမယ့် တကယ်တမ်း မြေပြင်မှာတော့ တော်တော်လေး အထိနာပြီး အရှိုက်ကို ထိနေတာကွ" လို့ ဖွင့်ချလိုက်ပါတယ်။

၂။ ကချင်ပြည်နယ် မိုးညှင်းတွင် စစ်ကောင်စီလက်အောက်ခံ စခန်းနှစ်ခုကို KIA မှ သိမ်းပိုက်ခြင်း
မိုးညှင်းမြို့နယ် အုန်းဆန်ဆိုင်ရွာမှာရှိတဲ့ အဘတို့နဲ့ ပူးပေါင်းထားတဲ့ SNA စခန်းနှစ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်သိမ်းသွားလို့ လက်နက်တွေရော လူတွေပါ အများကြီး ဆုံးရှုံးသွားတယ်ဗျ။ အဘက "သေသွားတဲ့ စစ်သားတွေကိုတောင် လျော်ကြေး မပေးချင်လို့ ပျောက်ဆုံးစာရင်းသွင်းပြီး လိမ်နေရတဲ့ ငါတို့တပ်ကတော့ တကယ်ကို အရှက်မရှိတဲ့ လူလိမ်တပ်ကြီး ဖြစ်နေပါပြီ" လို့ မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။

၃။ ဖားကန့်ရှိ ဆေးရုံတွင် တပ်စွဲရန် ကြိုးပမ်းသော စစ်ကောင်စီတပ်များ KIA ၏ ပိတ်ဆို့တိုက်ခိုက်မှု ခံရခြင်း
ဖားကန့်မြို့နယ်က မှော်စီစာဆေးရုံမှာ အဘတို့ စစ်တပ်က အထိုင်ချ တပ်စွဲဖို့ ဝင်လာတာကို KIA က အဝင်မခံဘဲ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေတယ်ဗျ။ အဘက "ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကို အကာအကွယ်ယူပြီး တပ်စွဲနေတာဟာ ငါတို့တပ်ရဲ့ စောက်ကျင့်ဆိုးကြီးဖြစ်နေပြီ၊ ပြည်သူတွေကလည်း ငါတို့ကို ရွံရှာနေကြပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၄။ တနင်္သာရီတိုင်း သရက်ချောင်းရှိ ကျေးရွာ ၂၄ ရွာအား KNU မှ အုပ်ချုပ်မည်ဟု ကြေညာခြင်း
သရက်ချောင်းမြို့နယ်ထဲက ရွာပေါင်း ၂၄ ရွာကို KNU က သူတို့ကိုယ်တိုင် စီမံအုပ်ချုပ်တော့မယ်လို့ တရားဝင် ကြေညာလိုက်ပြီဗျ။ အဘက "အဲ့ဒီနယ်မြေတွေမှာ ငါတို့စခန်းတွေလည်း မရှိတော့ဘူး၊ စစ်သားတွေလည်း ထွက်ပြေးကုန်ပြီဆိုတော့ သူတို့က အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်သွားတာပေါ့၊ ငါတို့ကတော့ နေရာတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရပြီ" လို့ ဆိုလိုက်ပါတယ်။

၅။ ကရင်ပြည်နယ် သံတောင်ကြီးတွင် အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က ကျေးရွာတွေကို အဘတို့ လေတပ်က အကြောင်းမဲ့ ဗုံးသွားကြဲလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ (၁၂) ယောက်လောက် သေဆုံးသွားတယ်ဗျ။ အဘက "မြေပြင်မှာ ရှုံးလာရင် လေယာဉ်နဲ့ ဗုံးသွားကြဲပြီး လူသတ်တယ်၊ ပြီးရင် မိဘမဲ့၊ သားသမီးမဲ့ သီချင်းတွေဖွင့်ပြီး ပြည်သူကို မျက်လှည့်ပြဖို့ ကြိုးစားနေကြတာ တကယ့် အောက်တန်းကျတဲ့ လုပ်ရပ်တွေပဲ" လို့ ခနဲ့လိုက်ပါတယ်။

၆။ ဧရာဝတီမြစ်အား တရုတ်က ပိုင်ဆိုင်သည်ဟု ပြောဆိုကာ နိုင်ငံကို ရောင်းစားရန် ကြိုးပမ်းနေသည့် သက်သက်ခိုင်
အဘရေ... ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ခဲ့တဲ့ သက်သက်ခိုင်က တရုတ်ကိုသွားပြီး ဧရာဝတီမြစ်ကို တရုတ်က ပိုင်ဆိုင်တယ်လို့တောင် ပြောဆိုပြီး ဘောမနေတယ်ဗျ။ အဘက "ကိုယ်တိုင်က ပြည်သူ့ထောက်ခံမှု မရတော့ တရုတ်ကို အဖေခေါ်ပြီး နိုင်ငံရဲ့ အမွေအနှစ် ဧရာဝတီမြစ်ကိုတောင် ထိုးအပ်ဖို့ ကြိုးစားနေတာဟာ တကယ့် ပြည်ဖျက်မကြီး ဖြစ်နေပြီကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။

Post a Comment